ညောင်ရွှေ ဖေဖော်ဝါရီ ၉
အခြေခံပညာ ကျောင်းသားကျောင်းသူလေးများ အနုပညာကိုစိတ်ပါဝင်းစားမှု ရှိလာစေရန်၊ တီထွင်းဆန်းသစ်သည့် အတွေးအခေါ်များရင့်သန်လာစေရန်၊ ယှဉ်ပြိုင်ခြင်းအလေ့အထကောင်းများ ရရှိလာစေရန် ရည်ရွယ်ချက်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ဆေးရောင် ခြယ်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၉ ရက် နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံး ကလေးစာဖတ်ခန်း၌ ပြုလုပ်ခဲ့သည်။
ပြိုင်ပွဲကျင်းပနေစဉ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးနေမျိုး သူရိန်က ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက် အကြောင်းအရင်းနှင့် ဆုရွေးချယ်မှုစည်းမျဉ်းများကို ရှင်း လင်းပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲအပြီးတွင် ဆုပေးပွဲကိုဆက်လက်ပြုလုပ်ရာ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိကြသူများကို မြို့နယ်ဦးစီးမှူးနှင့် ပညာရေးဌာနမှ ဂုဏ်ပြုဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြပြီး ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူလေးများအား မေတ္တာလက်ဆောင်များ ဝေငှပေးခဲ့ ကြကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ


