ညောင်ရွှေ ၂ ဒီဇင်ဘာ
ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိ၍ လူမူဘဝဖွံဖြိုးတိုးတက်စေရန်အတွက် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှကြီးမှူးကျင်းပသော အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းကို ဒီဇင်ဘာလ ၁ ရက်နေ့က ညောင်ရွှေမြို့နယ်တောင်ခြေ မြင်းစခွန့် ကျေးရွာအုပ်စု၊ မြောင်းရိုးကြီးကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသော ဦးခင်မောင်ဝင်းနှင့် ဦးသိန်းဇော်မိုး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမူး ဦးငြိမ်းချမ်းတို့က အဖွင့်အမှာစကားများ ပြောကြားကြပြီး မြို့နယ် ကျေးလက်ဦးစီးမူး ဦးအောင်ကျော်မင်းက သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်များနှင့် သင်တန်းဆိုင်ရာများကို ရှင်းလင်းပြောကြားကာ သင်တန်းကိုစတင်ပို့ချပါသည်။
သင်တန်းတွင် တောင်ခြေမြင်းစခွန့်ကျေးရွာအုပ်စုအတွင်းရှိကျေးရွာ(၅)ရွာမှသင်တန်းသား၂၀ တို့အား တစ်လကြာစာတွေ့လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
နေလင်း(ညောင်လေးပင်)