ညောင်ရွှေ       ဧပြီ     ၁၇

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့် ဇနီးတို့သည် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊  ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ဇီဝိတဒါနအဖြစ် ညောင်ရွှေမြို့ နဒီကန် သဘာဝရေပြင်အတွင်း ငါးဖိန်းကောင်ရေ ၁၀၀၀၀၊ ငါးမြစ်ချင်းကောင်ရေ ၂၀၀၀၀၊ ငါးခုံးမကြီးကောင်ရေ ၂၄၀၀၀ စုစုပေါင်းငါးကောင်ရေ  ၅၄၀၀၀ တို့ကို   ဘေးမဲ့လွှတ်ပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် အဖွဲ့ဝင်များနှင့်အတူ မြို့တော်ခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် သက်ကြီးပူဇော်ပွဲအခမ်းအနားသို့  တက်ရောက်၍ ကန်တော့ခံ ဘိုး၊ ဘွားများအား စုပေါင်းကန်တော့ကြပြီး ပူဇော်ကန်တော့ငွေနှင့် ကန်တော့ပစ္စည်းများ ပေးအပ်လှူဒါန်းကာ  ကျန်းမာရေးဝန်ထမ်းများက ဘိုး၊ ဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို ကြည့်ရှုအားပေးသည်။

သက်ကြီးပူဇော်ပွဲအခမ်းအနားသို့ ၈၅ နှစ်နှင့် အထက် ၅၂၄ ဦးစာရင်းရှိရာ အဘိုး ၂၅ ဦး၊ အဘွား ၃၆ ဦး  စုစုပေါင်း ၆၁ ဦး  တက်ရောက်ကန်တော့ခံခဲ့ကြောင်းနှင့်   ကျန်ရှိသည့် အဘိုး၊ အဘွားများအား နေထိုင်ရာအိမ်များသို့ သွားရောက်ကန်တော့သွားမည်ဖြစ်ကြောင်း သိရသည်။                    

မောင်မောင်သန်း(တောင်ကြီး)