ညောင်ရွှေမြို့၌ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး စတုတ္ထအကြိမ်မြောက် အင်းလေးကန်ဖြတ် စုပေါင်းစက်ဘီးစီးနင်းပွဲ ပြုလုပ်

ညောင်ရွှေ၊ ဒီဇင်ဘာ ၁၁

 

ရှမ်းပြည်နယ် အင်းလေးဒေသ ခရီးသွားလုပ်ငန်း မြှင်တင်ရေးအစီအစဉ်အဖြစ် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာ ဦစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် စတုတ္ထအကြိမ်မြောက် အင်းလေးကန်ဖြတ် စုပေါင်း စက်ဘီးစီးနင်းပွဲကို ဒီဇင်ဘာ (၁၁) ရက် နံနက် (၇) နာရီက ရှမ်းပြည်နယ် ညောင်ရွှေမြို့ လွတ်လပ်ရေး ကျောက်တိုင်ကွင်း စုရပ်၌ပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေး အောင်က အဖွင့်အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက အမှာစကားပြောကြားခဲ့သည်။

 

ထို့နောက် (၃၀) ကီလိုမီတာ စက်ဘီးစီးနင်းခြင်းအတွက် ပြည်ထောင်စုဝန်ကြီးကလည်းကောင်း (၁၅) ကီလိုမီတာ စက်ဘီးစီးနင်းခြင်းအတွက် ပြည်နယ်ဝန်ကြီးချုပ်ကလည်းကောင်း သေနတ်ပစ်ဖောက်၍ အသီးသီးတာလွှတ်ပေးခဲ့ကြသည်။

 

mdn

 

အဆိုပါ စုပေါင်းစက်ဘီးစီးနင်းပွဲအပြီးတွင် ပန်းဝင်သည်အထိ စီးနင်းခဲ့ကြသူများအား ကံစမ်မဲဖွင့်ဖောက်၍ အမှတ်တရလက်ဆာင်ဆုများ ပေးအပ်ချီးမြှင့်ပွဲကို ဆက်လက်ပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဆုရရှိကြသူများကို အမှတ်တရ ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းနှင့် စုပေါင်းစက်ဘီးစီးနင်းပွဲသို့ ညောင်ရွှေမြို့နှင့် တောင်ကြီးမြို့တို့မှ စက်ဘီးစီး အားကစားဝါသရှင် စုစုပေါင်း (၄၀၀) ကျော် ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရှိရသည်။

 

စိုင်းအယ်ဘဲ