ညောင်ရွှေ ဩဂုတ်

 

လတ်တလော ကူးစက်ဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်း မြင့်မားလာခြင်းကြောင့် ညောင်ရွှေမြို့နယ်အား နေအိမ်တွင်နေထိုင်ရေး Stay at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း သက်ဆိုင်ရာမှ အသိပေးကြေညာချက် ထုတ်ပြန်ထားပြီးဖြစ်ရာ ယခုအခါ ပညာပေးကာလ ပြီးဆုံးပြီဖြစ်၍ မိဘပြည်သူများအနေဖြင့် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအား အပြည့်အဝ လိုက်နာခြင်းရှိ/မရှိ ရှောင်တခင် စစ်ဆေးခြင်းကို ဩဂုတ် () ရက် နံနက် () နာရီက ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

 

mdn

 

အဆိုပါ ရှောင်တခင်လှုပ်ရှားမှု ဆောင်ရွက်မှုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝေလင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဦးဆောင်သည့် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့နှစ်ဖွဲ့ဖြင့် နေအိမ်ပြင်ပထွက်ခွာ သွားလာနေသူများအား စိစစ်၍ ပြင်ပထွက်ခွာခွင့်ကတ် မပါရှိသူများနှင့် လုံလောက်သည့် အကြောင်းပြချက်မရှိဘဲ သွားလာနေသူ အမျိုးသား (၁၅) ဦး၊ အမျိုးသမီး () ဦး စုစုပေါင်း (၁၈) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀ (က) အရ ညောင်ရွှေမြိုမရဲစခန်း၌ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

စိုင်းအယ်ဘဲ(ပြန်/ဆက်)