ညောင်ရွှေ ၆ ဒီဇင်ဘာ
ညောင်ရွှေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုး သူများအဖွဲ့(Book Club)တို့ ပူးပေါင်း၍ ပြည်သူများစာဖတ်သည့် အလေ့အကျင့်ကောင်းများနှင့် အသိပညာဗဟုသုတများရရှိစေရန်၊ စာဖတ်သူအချင်းချင်း ရင်းနှီးမှုရရှိစေရန်၊ စာဖတ်ရှိန်မြှင့်မားမှု ရှိစေရန် ရည်ရွယ်ချက်ဖြင့် စာဖတ်ဝိုင်းကို ဒီဇင်ဘာ ၆ ရက် နံနက် ၉ နာရီခွဲက ညောင်ရွှေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေမျိုးသူရိန်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် စာရေးဆရာ အောင်သင်း၏ ရည်မှန်းချက်နှင့် ပြဿနာအထွေထွေစာအုပ်ဖြင့် မသိန်းနုက ဟော ပြောချက် ခေါင်းစဉ်မှ ကောက်နှုတ်ချက်အချို့ကိုလည်းကောင်း၊ မောင်သုခပိုက်ထွေးက အမေးအဖြေ ခေါင်းစဉ်မှ ကောက်နှုတ်ချက်အချို့ကိုလည်းကောင်း ဖတ်ကြားဆွေးနွေးခဲ့ပြီး တက်ရောက်လာသူ များက သိရှိလိုသည်များ မေးမြန်းဆွေးနွေးမှုအပေါ် ဖတ်ကြားသူများက ပြန်လည်ရှင်းလင်း ဆွေး နွေးခဲ့ကြောင်း သိရသည်။
နေမျိုးသူရိန်