ညောင်ရွှေ ၁၉ အောက်တိုဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ် သမဝါယမအသင်းစုမှ မြို့နယ်သမဝါယမဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစု၊ အမှုဆောင်နှင့် အသင်းဝန်ထမ်းများ၊ အခြေခံသမဝါယမအသင်း အမှုဆောင်များသို့ ကိုဗစ်-၁၉ ကာလအတွင်း တစ်ဦးလျှင် မြရတနာပေါ်ဆန်းမွှေး ၂၄ ပြည် တစ်အိတ်၊ နေကြာဆီ ၃ ပိဿာ တစ်ဘူး ထောက်ပံ့ခြင်းဖြစ်ပြီး မြို့နယ်သမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်းစုဝန်ထမ်း ၄၆ ဦးအတွက် တန်ဖိုးငွေကျပ် ၂,၇၆၀,၀၀၀၊ အခြေခံသမဝါယမအသင်း ၈၉ သင်းမှ အသင်းအမှုဆောင်များအတွက် တန်ဖိုးငွေကျပ် ၁၄,၃၀၀,၀၀၀ စုစုပေါင်းငွေကျပ် ၁၇,၀၆၀,၀၀၀ ထောက်ပံ့ပေးခဲ့ကြောင်း သမဝါယမဦးစီးဌာနမှ သိရှိရသည်။
MDN


