ညောင်ရွှေ  ၁၇     စက်တင်ဘာ     

အခြေခံပညာကျောင်းသား၊ ကျောင်းသူလေးများ စာအုပ်စာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စဖတ်ခြင်းအလေ့အထကောင်းများရရှိစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာအသုံချတတ်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညောင်ရွှေမြို့နယ်ရုံးသည် နယ်လှည့်ကွင်းဆင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၉)နာရီခွဲက ညောင်ရွှေမြို့နယ်၊ ထပ်အိမ်ဂူ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲလုပ်ငန်းမျာကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ နယ်လှည့်ကွင်းဆင်းလုပ်ငန်းစဉ်များတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးနေမျိုးသူရိန်က ကလေးအလုပ်သမားပပျောက်ရေးနှင့် ကလေးသူငယ် အခွင့်အရေး၊ စာပေဖတ်ရှုခြင်း အကျိုးကျေးဇူး အကြောင်းကို ဆွေးနွေးဟောပြောခဲ့ပြီး ကလေးများအတွက် နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ခြင်း၊ နံရံကပ်စာစောင်ပြသခြင်း၊ မှတ်ဉာဏ်စွမ်းရည်ဂိမ်း ကစားခြင်း စသည့် လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်ပြန်/ဆက်

 

mdn