ညောင်ရွှေ ၁၁ ဧပြီ
ကိုရိုနာဗိုင်းရပ်(စ်) COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း နိုင်ငံတော်အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များ အိမ်တိုင်ရာရောက် ဖြန့်ဝေပေးအပ်ခြင်းကို ဧပြီ ၁၁ ရက် နံနက်ပိုင်းမှစတင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်သွန်နီများကို နေအိမ်အရောက်ပေးအပ်ရာတွင် မြို့ပေါ်(၂)ရပ်ကွက်ရှိ အိမ်ထောင်စု (၃၉)စုနှင့် ကျေးရွာအုပ်စု (၆)စုအတွင်းရှိ အိမ်ထောင်စု (၈၅၉)စု စုစုပေါင်းအိမ်ထောင်စု (၈၉၈)စုသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့်မြို့နယ် ကြီးကြပ်မှုကော်မတီများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များမှ အိမ်တိုင်ရာရောက် ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းအယ်ဘဲ


