ညောင်ရွှေ  ၁၂  ဧပြီ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား နိုင်ငံတော်မှထောက်ပံ့သည့် အခြေခံစားသောက်ကုန်များ အိမ်တိုင်ရာရောက် ဖြန့်ဝေ ပေးအပ်ခြင်းကို  ယနေ့တွင် ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ပေးဝေရာတွင်  နိုင်ငံတော်မှ ထောက်ပံ့သည့် ထုပ်ပိုးပြီး ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်သွန်နီများကို တာဝန်ရှိသူများက မြို့ပေါ်(၂)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၉)အုပ်စုအတွင်းရှိ အိမ်ထောင်စု ၅၁၆၁ စုအား ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များမှ  အိမ်တိုင်ရာရောက် ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။

 

စိုင်းအယ်ဘဲ(ပြန်/ဆက်)