ညောင်ရွှေ၊ ၂၁ ဒီဇင်ဘာ

 

 

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း Facility Quarantine Centre ဝင်ရောက်နေသူ ၄၁ ဦး၊ ပြည်သူ့ဆေးရုံတွင် Hospital Quarantine ဝင်ရောက်နေသူ နှစ်ဦး၊ Hotel Quarantine ဝင်ရောက်နေသူ ၁၅ ဦးနှင့် Stay at Home နေထိုင်သူ နှစ်ဦး စုစုပေါင်း သွားအလာကန့်သတ်ထားရှိသူ ၆၀ ၏ နှာခေါင်းနှင့် အာခေါင်တို့ဖတ်နမူနာများရယူ၍ ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားခြင်း ရှိ၊မရှိ စစ်ဆေးအတည်ပြုနိုင်ရန် အတွက် ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေး ဓာတ်ခွဲနမူနာရယူခြင်းကို ဒီဇင်ဘာ ၂၁ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

 

 

အဆိုပါ ဓာတ်ခွဲနမူနာများကို မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများနှင့် အရပ်ဘက် စေတနာ့ဝန်ထမ်းများက ရယူခဲ့ပြီး ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတစ်ဆင့် ပြည်သူ့ကျန်း မာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး)သို့ ပို့ဆောင်စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ ဓာတ်ခွဲစစ်ဆေးမှုရလဒ် အဖြေများအား အများပြည်သူသိရှိနိုင်စေရန် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

 

 

စိုင်းအယ်ဘဲ