ညောင်ရွှေ၊ ၁၁ ဇန်နဝါရီ
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်၌ CERP အစီအစဉ်အရ ထောက်ပံ့ထားသော ငါးမွေးကန်များတွင် ငါးသားပေါက်များကြီးထွားမှု အခြေအနေများကို ဇန်နဝါရီ ၁၀ ရက် နံနက်ပိုင်းက ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးလွှမ်းမိုးဇော်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် ရှမ်းပြည်နယ်ငါးလုပ်ငန်းဦစီးဌာန ပြည်နယ်ဦးစီးဌာနမှူး ဦးလွှမ်းမိုးဇော်နှင့် ညောင်ရွှေငါးလုပ်ငန်းစခန်း တာဝန်ခံ ဒေါ်မိမိခိုင်တို့က ညောင်ရွှေမြို့နယ်အတွင်း နိုင်ငံတော်အစိုးရမှ CERP အစီအစဉ်အရ ထောက်ပံ့ပေးအပ်ထားသော ငါးမွေးတောင်သူများ၏ ငါးကန်များရှိ ငါးသားပေါက်များ ကြီးထွားမှုအခြေအနေများကို ကြည့်ရှုတိုင်းတာစစ်ဆေးခဲ့ပြီး ငါးမွေးမြူရာတွင် တွေ့ကြုံရသည့် လုပ်ငန်းအခက်အခဲများနှင့် ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP)စနစ်အကောင်အထည် ဖော်ဆောင်နိုင်ရေးတို့အတွက် ဆွေးနွေးခဲ့ကြကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
MDN


