ညောင်ရွှေ  ၂၇ ဖေဖော်ဝါရီ     

 

စိုက်ပျိုးရေးဦးစီးဌာန၊ ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီနှင့် ကိုရီးယား ရာသီဥတုပြောင်းလဲမှု ဗဟိုဌာနတို့ ပူးပေါင်း၍ ညောင်ရွှေမြို့နယ်အတွင်းရှိ လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာများသို့ စွမ်းအားမြှင့်မီးဖိုများ ကျေးရွာအရောက် အခမဲ့ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

 

65

 

ညောင်ရွှေမြို့နယ်အနေဖြင့် ဖေဖော်ဝါရီ ပထမပတ်မှစတင်၍ စွမ်းအားမြှင့်မီးဖိုများကို ဘန်းပြင်ကျေးရွာအုပ်စုရှိ  ကျေးရွာ ၂၀၊ အိမ်ထောင်စု ၁၇၃၆ စုအတွက်  ၁၇၃၆ လုံး၊ ပုန့်မူကျေးရွာ အုပ်စုရှိ ကျေးရွာ ၇ ရွာ၊ အိမ်ထောင်စု ၃၄၇ စုအတွက် ၃၄၇ လုံး၊ ကျောက်တိုင်ကျေးရွာအုပ်စုရှိ ကျေးရွာ ၅ ရွာ၊ အိမ်ထောင်စု ၂၂၀ စုအတွက်  ၂၂၀ လုံးကို အခမဲ့ဖြန့်ဖြူးပေးခဲ့ပြီးဖြစ်ကြောင်း၊  ဆက်လက်၍ တုံးလည်ကျေးရွာအုပ်စု၊ ကျေးပေါခုံကျေးရွာအုပ်စု၊ နောင်တောကျေးရွာအုပ်စုနှင့် လက်မောင်းကွေး ကျေးရွာအုပ်စုများရှိ ကျေးရွာပေါင်း ၃၀၊ အိမ်ထောင်စုပေါင်း ၂၁၉၇ စုအတွက် စွမ်းအားမြှင့်မီးဖို ၂၁၉၇ လုံးကို ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးပက်ထရစ်ဗြူးက ပြောသည်။

 

8

 

စွမ်းအားမြှင့် မီးဖိုများသည် ထင်းသုံးစွဲမှု သက်သာစေပြီး မီးအပူစွမ်းအင်ကို ပိုမိုရရှိနိုင်ကာ ထင်းသုံးစွဲမှု လျှော့ချနိုင်ခြင်းဖြင့် သစ်တောပြုန်းတီးမှု လျော့နည်းသက်သာစေကြောင်း၊ ကာဗွန်ထုတ်လုပ်မှု လျော့ကျစေနိုင်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်သည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း သိရသည်။

 

နေမျိုးသူရိန် (ညောင်ရွှေ ပြန်/ဆက်)