ညောင်ရွှေ မတ် ၉

 

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် မိုင်းသောက်ကျေးရွာရှိ ပင်မြင့်စံငွေစုငွေချေး သမဝါယမအသင်းက ဆောင်းနေကြာရုရှားမျိုး စိုက်ပျိုးထားသည့်အခြေအနေများကို မတ် ၇ ရက်တွင် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 

ကွင်းဆင်းကြည့်ရှုရာတွင် ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများက (သက်တန့်ရောင်စီမံကိန်း) ရုရှားနေကြာမျိုး စိုက်ပျိုးထားရှိသည့် အသင်းသားများအား အပင်၏ အသက်ရက်အလိုက် ကျွေးရမည့် အစာအာဟာရများ အချိုးကျအချိန်ကိုက်ကျွေးရန်၊ ပိုးမွှားရောဂါ မကျရောက်စေရေး လိုအပ်သည်များ ကြိုတင်ဆောင်ရွက်ရန်နှင့် ရာသီကုန်ချိန်တွင် သတ်မှတ်အထွက်နှုန်းရရှိရေး ဦးတည်ကြိုးပမ်း ကြပ်မတ်ဆောင်ရွက်သွားကြရန် ပေါင်းစပ်ညှိနှိုင်းမှာကြားခဲ့ကြောင်း သိရသည်။

ဝိုးတောင်း