ညောင်ရွှေ အောက်တိုဘာ ၇

 

မြို့နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်မှုဖြင့် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များသည် ညောင်ရွှေမြို့ပေါ် ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိ ကျေးရွာများ၌ တစ်အိမ်တက်ဆင်း လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းကို အောက်တိုဘာ ၇ ရက် နံနက်ပိုင်းက စတင်ဆောင်ရွက်လျက်ရှိသည်။

 

ထို့သို့ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုတွင် မြေပြင်စာရင်းကောက်အဖွဲ့များမှ တစ်အိမ်တက်ဆင်း သွားရောက်၍ လူဦးရေနှင့်အိမ်အကြောင်းအရာ စာရင်းများ တိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာ အချက်အလက်များနှင့် အိမ်အကြောင်းအရာ အချက်အလက် ၆၈ ချက်တို့ကို‌ ကောက်ယူမေးမြန်းကြပြီး ညောင်ရွှေမြို့နယ်၌ စာရင်းကောက်အဖွဲ့ ၄၃ ဖွဲ့ဖြင့် ကောက်ကွက် ၃၉၁ ကွက်ကို ကောက်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

စိုင်းအယ်ဘဲ (ပြန်/ဆက်)