ညောင်ရွှေ ၂၇ နိုဝင်ဘာ        

အဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာရှိ အောင်မြင်ဖြစ်ထွန်းနေသော စံပြစိုက်ခင်းကြီးများ ကွင်းပြပွဲနှင့် စံကွက်ရိတ်သိမ်းပွဲကို နိုဝင်ဘာ ၂၇ ရက် နံနက် ၁၁ နာရီက ညောင်ရွှေမြို့နယ် တိလော ကျေးရွာအုပ်စု ကျော့မောင်ငယ်ရွာရှိ တောင်သူဦးမဲ၏ လယ်မြေတွင် ကျင်းပသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က အမှာစကားပြောကြားသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ဦးကြိုင်က လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး တောင်ကြီးခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်ဝင်းထွန်းက စံကွက်ရိတ်သိမ်းပွဲ ဆောင်ရွက်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် စံကွက်ရိတ်သိမ်းခြင်းကိုဆောင်ရွက်ရာ တစ်ဧက အစိုတင်း ၁၂၄ တင်း၊ အခြောက် တင်း ၁၁၅ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

နေမျိုးသူရိန်