ညောင်ရွှေ ၈ ဇန်နဝါရီ
ညောင်ရွှေမြို့တွင် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေနှင့်အညီ အင်းလေးဖောင်တော်ဦး ဘုရားရင်ပြင်၌ ဈေးသည်များအား ဈေးပြန်လည်ရောင်းချနိုင်ရေး၊ နေရာအတည်တကျ ပြန်လည်သတ်မှတ်ပေးရေးအတွက် ဇန်နဝါရီ ၈ ရက် နံနက် ၈ နာရီခွဲ က ဦးထွန်းလင်းနှင့် ဦးသက်မိုးခိုင်တို့ ဦးဆောင်၍ အင်အား ၅၀ ခန့်သည် ညောင်ရွှေမြို့၊ တိန့်နန်းတံတားစုရပ်မှ ရုံးကြီးလမ်းတစ်လျှောက် မင်္ဂလာဈေးမီးပွိုင့်မှ ယခင်ဗိုလ်ချုပ် အောင်ဆန်းပန်းခြံဟောင်း၊ ထိုမှတစ်ဆင့် ဈေးအရှေ့ဘက် လမ်းသို့လည်းကောင်း၊ ထို့နောက် ရုံးကြီးလမ်းမှတစ်ဆင့် မြဝတီလမ်းအတိုင်း ဆက်လက်ချီတက်ကြပြီးနောက် ကန်ကြီးပရိယတ္တိစာသင်တိုက် အနောက်ဘက် ကျုံးရိုးလမ်းမှ ဖောင်တော်ဆိုက် လမ်းကြောင်းအတိုင်း ကြွေးကြော်သံများ၊ ဆိုင်းဘုတ်ပိုစတာများ ကိုင်ဆောင်၍ ဆန္ဒဖော်ထုတ်ခဲ့ကြပြီး မွန်းတည့် ၁၂ နာရီတွင် စုရပ်တိန့်နန်းတံတား၌ လူစုခွဲသွားကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)
