ညောင်တုန်း  ၁၉ ဇန်နဝါရီ 

            
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာအုပ်စုတွင် ပန်းလှိုင်မြစ်ရေ တိုက်စားပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် ယနေ့နံနက်ပိုင်းက နေအိမ် (၄) လုံး ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည်။

123


ပန်းလှိုင်မြစ်ရေ တိုက်စားမှုကြောင့် ညောင်တုန်းမြို့၊ ဆားမလောက်ကျေးရွာအုပ်စု၊ ဆားမလောက်ကျေးရွာ အထက်ပိုင်း ရပ်ကွက်တွင် အလျား (၁၅၀) ပေ၊ အနံ (၃၅) ပေရှိ မြစ်ကမ်းပါး ပြိုကျမှုဖြစ်ပွားခဲ့ရာ ပြိုကျသော မြစ်ကမ်းပါးနှင့် (၁၀) ပေခန့်အကွာတွင် နေထိုင်သော  လူနေအိမ် (၄) လုံး၊ လူဦးရေ (၁၅) ဦး၏ နေအိမ်များအား ကြိုတင်ဖျက်သိမ်းပေးခဲ့ပြီး ယင်းတို့၏ ဆွေမျိုးများနေအိမ်တွင် ခေတ္တပြောင်းရွှေ့ နေရာချထားပေးခဲ့ရကြောင်း သိရသည်။ အဆိုပါ မြစ်ကမ်းပါးပြိုကျမှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။


ဝဠာနိုင်(ညောင်တုန်း)