ညောင်တုန်း ၁၆ ဇန်နဝါရီ      

 

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော ညောင်တုန်းမြို့ ကလေးစာပေပွဲတော်ကို ဇန်နဝါရီလ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပရာ ယနေ့ ကလေးစာပေပွဲတော် (ဒုတိယနေ့)တွင် ပြခန်းများ၌ လာရောက်လေ့လာ ကြည့်ရှု့သူများ ပိုမိုများပြားလျက်ရှိသည်။

 

8

 

အဆိုပါ ပြခန်းများမှာ ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများပြခန်း၊ အလင်္ကာကျော်စွာ ကာတွန်း ဦးဘဂျမ်း၏ ကာတွန်းလက်ရာများပြခန်း၊ မီးသတ်တပ်ဖွဲ့ပြခန်း၊ ရဲတပ်ဖွဲ့ပြခန်း၊ စည်ပင်သာယာရေး အဖွဲ့ပြခန်းနှင့် ပညာရေးသင်ထောက်ကူပြခန်းတို့အား ပြသထားရာ လူအများ စိတ်ဝင်စားလျက် ရှိကြောင်းသိရသည်။

 

98

 

ဝဠာနိုင်(ညောင်တုန်း)

 

7452.