ညောင်တုန်း      အောက်တိုဘာ     ၂၉

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့အတွင်း သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို အပတ်စဉ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီခွဲက တိုက်သစ်လမ်းနှင့် မဂ္ဂင်လမ်းကြား ရေစုကန်အတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြ သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊  မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့ပေါ်ရပ်ကွက်နေပြည်သူများ စုပေါင်း၍ ရေစုကန်အတွင်းရှိ ခြုံနွယ်များ၊ မြက်ပင်များခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ခြင်း နှင့် စွန့်ပစ်အမှိုက်များ ကောက်ယူခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး သတ်မှတ်ထားသော နေရာများတွင် စနစ်တကျ စွန့်ပစ်ဆောင်ရွက်ခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)