ညောင်တုန်း ၁၉ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် (၇၃) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ယနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ဉသြဆွဲပြီး အမှတ်(၇) ရပ်ကွက်ရှိ ဗိုလ်ချုပ်ကြေးရုပ်ရင်ပြင်၌ ညောင်တုန်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ၊ ပီတိလူငယ် ပရဟိတအသင်းမှ အဖွဲ့ဝင်များနှင့် ပြည်သူများ စုစုပေါင်း (၁၀၀) ဦးခန့် လာရောက် အလေးပြုခဲ့ကြသည်။
အဆိုပါ (၇၃) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အမှတ်(၃)ရပ်ကွက်၊ လမ်းမတော်လမ်းရှိ မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် မီးသတ်ယာဉ် (၃) စီးဖြင့်လည်းကောင်း၊ ညောင်တုန်းမြို့ ပီတိလူငယ်ပရဟိတအသင်းမှ လူနာတင်ယာဉ် (၅) စီးဖြင့် အမှတ်(၇)ရပ်ကွက်ရှိ ဗိုလ်ချုပ်ကြေးရုပ်ရင်ပြင်၊ အမှတ်(၆) ရပ်ကွက် လမ်းဆုံ၊ အမှတ် (၂) ၇ပ်ကွက်၊ (၂၅)လမ်း၊ အမှတ် (၉) ရပ်ကွက်၊ ပန်းဧရာစျေးနှင့် အမှတ်(၁၀) ရပ်ကွက်၊ မြို့အဝင်ဆိုင်ဘုတ်အနီး စုစုပေါင်း (၅) နေရာတို့တွင် ဉသြဆွဲခြင်းခြင်းများပြုလုပ်ခဲ့ရာ အများပြည်သူလမ်းမပေါ်တွင် သွားလာနေသည့် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်ယာဉ်များ၊ လမ်းသွားလမ်းလာပြည်သူများမှ ရပ်တန့်၍ ဝမ်းနည်ခြင်း အထိမ်းအဖြစ် (၁) မိနစ် ငြိမ်သက် အလေးပြုခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)


