ညောင်တုန်း ၂၈ နိုဝင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(မအူပင်) တို့ ပူးပေါင်း၍ (၁) လ အကြာ ဖွင့်လှစ်ခဲ့သည့် အခြေခံမော်တော်ဆိုင်ကယ် ပြုပြင် ထိန်းသိမ်းနည်း သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကညင်ကောက်ကြီး ကျေးရွာအုပ်စု၊ ရိုးကြီးကျေးရွာ ဘုန်းတော် ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဆင်းပွဲတွင် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း(မအူပင်) မှ လက်ထောက်ကထိက ဦးအောင်ကျော်ဦးတို့က အဖွင့်အမှာ စကားပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထက်အောင်က ကျေးလက်နေ ပြည်သူများအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုဖြစ်သော ယခုလို မော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်း နည်းသင်တန်းကို ဖွင့်လှစ်ပေးခဲ့ခြင်းအတွက် သင်တန်းသားများ မိမိတို့လုပ်ငန်း နယ်ပယ်တွင် လက်တွေ့အသုံးချ ဆောင်ရွက်နိုင်ခြင်းဖြင့် အလုပ် အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် သင်တန်းတွင် ထူးချွန်သူများအား ဆုပေးခြင်းနှင့် သင်တန်းသား (၂၅) ဦးတို့အား သင်တန်းဆင်း လက်မှတ် များကို အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်း၊ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးထက်အောင်နှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝဠာနိုင်(ညောင်တုန်း)