ညောင်တုန်း ၁၈ နိုဝင်ဘာ       

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ဒီဇင်ဘာလ (၉) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ (Anti-Corruption Day) အထိမ်းအမှတ်အဖြစ် စာစီစာကုံး၊ တေးသရုပ်ဖော်၊ ကဗျာသရုပ်ဖော်နှင့် Role Play ပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ''ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး'' ပညာပေးအစီအစဉ်များဖြစ်ကြသော စာစီစာကုံးပြိုင်ပွဲကို  အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၇) ဦးနှင့် အလယ်တန်းအဆင့် (၈) ဦး၊ တေးသရုပ်ဖော်ပြိုင်ပွဲကို အလယ်တန်းအဆင့် တစ်ဖွဲ့လျှင် (၁၀) ဦးပါသော အုပ်စုဖွဲ့ (၃) ဖွဲ့၊ ကဗျာရွတ်ဆိုပြိုင်ပွဲကို မူလတန်းအဆင့် တစ်ဖွဲ့လျှင် (၆) ဦးပါသော အုပ်စု (၃) ဖွဲ့နှင့် Role Play ပြိုင်ပွဲကို တစ်ဖွဲ့လျှင် (၆) ဦးပါသော အုပ်စု (၃) ဖွဲ့တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ဝဠာနိုင် (ညောင်တုန်း)