ညောင်တုန်း မတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့ မီးသတ်ဦးစီးမှူး ဦးဆောင်ကာ မတ် ၂၃ ရက် ညနေပိုင်းက ညောင်တုန်းမြို့နယ် သဇင်ရေကျော်ကျေးရွာရှိ ဘီသုံးလုံးအထည်ချုပ်စက်ရုံ အဆောက်အအုံအား မီးဘေး လုံခြုံရေးစစ်ဆေးခြင်းနှင့် အကြံပြုခြင်းများကို ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ညောင်တုန်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးမျိုးမင်းသူ ဦးဆောင်၍ သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင်များက ဘီသုံးလုံး အထည်ချုပ်စက်ရုံရှိ ဝန်ထမ်းများအား မီးသတ်ဆေးဘူး လက်တွေ့အသုံးပြုတတ်စေရန် သင်ကြားခဲ့ပြီး အထည်ချုပ်အဆောက်အအုံအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် အကြံပြုခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဧရာဦးသာ


