mdn

ညောင်တုန်း   အောက်တိုဘာ   ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို အောက်တိုဘာ ၁၇ ရက် နံနက် ၉ နာရီမှစ၍ ကာကွယ်ဆေးထိုးစုရပ်များတွင် ထိုးနှံပေးလျက်ရှိသည်။

ညောင်တုန်းမြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို အထက(၂)၊ အထက(ခွဲ)မြို့မ၊ အထက (ဆားမလောက်)၊ အထက(မဲဇလီ)၊ အထက(ချောင်းကြီး)၊ အထက(စက္ကော့)၊ အထက(အင်းမ)၊ အထက(သပြေချောင်း)နှင့် အထက(ထိပ်ဝကြီး-ရှမ်းစု) စသည့် ဆေးထိုးစုရပ် ကိုးနေရာတို့တွင် ဆေးထိုးအဖွဲ့ ကိုးဖွဲ့ဖြင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆၈၆၆ ဦးကို ကာကွယ်ဆေးထိုးနှံပေးနေကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)