ညောင်တုန်း စက်တင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်အတွင်း ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ် ပေါများစေရန်၊ ပြည်သူများ ငါးရိက္ခာ ဖူလုံစေရန်နှင့် ငါးစားသုံးမှုမြင့်မားစေရန် တို့ကိုရည်ရွယ်၍ ငါးမျိုးစိုက်ထည့်ခြင်းကို စက်တင်ဘာ ၁၂ ရက်၊ နံနက် ၉ နာရီခန့်က တူးချောင်းကျေးရွာရှိ စပါးခင်းများ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါငါးမျိုးစိုက်ထည့်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်ငါးလုပ်ငန်း ဦးစီးမှူး ဦးဆန်းဝင်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဒေသခံ တောင်သူများ တက်ရောက်ခဲ့ကြပြီး ငါးခုံမသားပေါက်ကောင်ရေ (၁၀၀၀၀၀)ကို တူးချောင်းကျေးရွာရှိတောင်သူ ၁၅ ဦးပိုင် လယ်မြေဧက (၂၀၀) စပါးခင်းများအတွင်းသို့ ငါးမျိုးများ စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)


