ညောင်တုန်း နိုဝင်ဘာ ၁၁

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်နှင့် ကျေးရွာစာကြည့်တိုက်များတွင် ပြည်သူများ စာပေ ဖတ်ရှုလေ့လာနိုင်ရန် ရည်ရွယ်၍  ညောင်တုန်းမြို့၊ အမှတ် (၄)ရပ်ကွက်၊ ၁၀လမ်း လမ်းမတော်နေ (ဦးမြသောင်း) ဒေါ်ကျင်စိုး စိန်ရွှေရတနာဆိုင် မိသားစုမှ နိုဝင်ဘာလ ၁၁ရက် နံနက် ၁၀နာရီက မြို့နယ်ပြည့်သူ့စာကြည့်တိုက်သို့ စာအုပ်များ လှူဒါန်းခဲ့သည်။

 

ထိုသို့လှူဒါန်းပေးအပ်ရာတွင် အလှူရှင်များကိုယ်စား ညောင်တုန်းမြိုနယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း Book Club အဖွဲ့ဝင် ဦးမြင့်ဟန်နှင့် ဦးစန်းမြင့်တို့က သုတ၊ရသ စာအုပ် (၁၅၀)ကို လာရောက် လှူဒါန်းပေးအပ်ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်‌တင်တင်လှိုင်က လက်ခံရယူခဲ့ပြီး အလှူရှင်များအတွက် ဂုဏ်ပြုမှတ်တမ်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်ဆက်)