ညောင်တုန်း ဒီဇင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာနမှ ကြီးမှုကျင်းပသော (၇၀)ကြိမ်မြောက် အဘိဓမ္မာ(ရိုးရိုး)၊ အဘိဓမ္မာ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲကို ဒီဇင်ဘာ ၂၄ ရက်က (၁)ရပ်ကွက်၊ ကျောင်းကြီးကျောင်းတိုက် ဓမ္မာရုံကြီး၌ ပြုလုပ်ခဲ့သည်။
ထိုသို့ပြုလုပ်ရာတွင် မြို့နယ်သံဃနာယကအဖွဲ့နှင့် မြို့နယ်သာသနာရေးဦးစီးဌာနတို့က ကြီးကြပ်၍ အဘိဓမ္မာ(ရိုးရိုး)၊ အဘိဓမ္မာ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲ ဖြေဆိုသူ စုစုပေါင်း ၃၂ ဦး ဖြေဆိုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)