ညောင်တုန်း ဇွန် ၈

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ပထမ(၃)လပတ်အတွက် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ဇွန် ၇ ရက် မွန်းလွဲ ၂ နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

 

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ညောင်တုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၈)အုပ်စုမှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၅၆၄)ဦးအတွက် စုစုပေါင်း ကျပ် ၁၆၉၂၀၀၀ဝ ကို တာဝန်ရှိသူများက အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများကိုယ်စား သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့သည်။

 

ထောက်ပံ့ပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦး‌ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြိုနယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့သည်။

 

ထက်ဝေဖြိုး(ပြန်/ဆက်)