ညောင်တုန်း စက်တင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ပေးသည်။
ထိုသို့ထိုးနှံပေးရာတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ခွေးရူးရောဂါကြိုတင်ကာကွယ်ရေးအတွက် ရပ်ကွက်အတွင်းရှိ အိမ်မွေးတိရစ္ဆာန်(ခွေး၊ကြောင်)များကို အခမဲ့ထိုးနှံပေးခဲ့ပြီး ခွေးရူးရောဂါကာကွယ်ရေးသိကောင်းစရာများ၊ တိရစ္ဆာန်မှတစ်ဆင့် ခွေးရူးရောဂါ ကူးစက်နိုင်သည့်နည်းလမ်းများ၊ သတိထားလိုက်နာရမည့်အချက်များကို အသိပညာပေးပြောကြား ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)


