ညောင်တုန်း ၂၈ မေ


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ညောင်တုန်းမြို့နယ်အတွင်း မေ ၂၅ ရက်နေ့က လေဘေးသင့်သော တဇင်ရေကျော်ကျေးရွာအုပ်စု၊ ကျေးရွာခွဲ (၃)ရွာတို့တွင် လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ် (၁၆) လုံး၊ အိမ်ထောင်စု (၁၆) စုအတွက် စုစုပေါင်း အိမ်ဆောက်ပစ္စည်း တန်ဖိုးငွေကျပ် ၈၀ဝ၀ဝ၀၊ လူဦးရေ (၉၀) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာအတွက် တန်ဖိုးငွေကျပ် ၁၈၉၀ဝ၀ စုစုပေါင်း ကယ်ဆယ်ရေးတန်ဖိုးငွေ ၉၈၉၀ဝ၀ ကျပ်နှင့် သပြုရေလယ်ကျွန်းကျေးရွာအုပ်စု၊ ရွှေဒင်္ဂါးကျွန်းကျေးရွာတွင် လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ် (၁၂)လုံး၊ အိမ်ထောင်စု (၁၂)စု အတွက် စုစုပေါင်းအိမ်ဆောက်ပစ္စည်း တန်ဖိုးငွေကျပ် ၆၀ဝ၀ဝ၀ ၊ လူဦးရေ (၅၇)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာအတွက် တန်ဖိုးငွေ ၁၁၉၇၀ဝ ကျပ်၊ စုစုပေါင်း တန်ဖိုးငွေကျပ် ၇၁၉၇၀ဝ တို့အား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသူရိန်၊ မအူပင်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းဇော်ထိုက်နှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။


ဝဠာနိုင်(ညောင်တုန်း)

 

1