နေပြည်တော် ၂၀  ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး၊  ညောင်တုန်းမြို့နယ်၊ အုန်းပင်စုကျေးရွာလမ်း၌ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ ၂ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

သတင်းအရ  မဲဇလီ နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ ပဒေါဒေါင့် ကျေးရွာမှ အုန်းပင်စုကျေးရွာဘက်သို့ အောက်စုကျေးရွာနေ ထက်လင်းသူ (၂၅) နှစ် မောင်းနှင်လာသော ထော်လာဂျီယာဉ်သည် ဦးခေါင်းနှင့် ကိုယ်ထည် ဆက်ထားသော ဘောဂျွိုင်းဆက်ပြုတ်ထွက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်ခြမ်းရှိ သစ်ပင် အား ဝင်ရောက်တိုက်မိပြီး လမ်းဘေးမြောင်းထဲသို့ ထိုးကျ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

 

ယာဉ်တိမ်းမှောက်မှုကြောင့် ထော်လာဂျီယာဉ်ပေါ်တွင် လိုက်ပါလာသော မျိုးဦးပါ (၂) ဦးတွင် ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ပါလှဲ့ကျေးရွာနေ ဦးဖိုးဝို(၅၀)နှစ်ပါ(၇)ဦးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့ခြင်းဖြစ်သည်။

 

ဖြစ်စဉ်နှင်ပတ်သက်၍ ယာဉ်မောင်း ထက်လင်းသူအား မဲဇလီနယ်မြေရဲစခန်း အရေးယူထားကြောင်း ရဲပြန်ကြားမှ သတင်းရရှိသည်။

 

MDN