ညောင်တုန်း နိုဝင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နေသည့် ကာလအတွင်း ယာယီပိတ်ထားခဲ့ရာမှ ရောဂါကူးစက်မှုနှုန်းများ ကျဆင်းလာသည့်အတွက် ယနေ့ နိုဝင်ဘာ ၁ ရက်မှစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ် သင်ကြားလျက်ရှိသည်။

ထိုသို့ ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ စည်းကမ်းချက်များနှင့်အညီ သင်ကြားပို့ချ ဆောင်ရွက်လျက်ရှိပြီး ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက်လည်း မြို့နယ်ရဲတပ်ဖွဲ့မှ လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)