ညောင်တုန်း စက်တင်ဘာ ၂၅

 

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP) ICB-3 ဖြင့် ဆောင်ရွက်သော ကျေးလက် ဒေသ လျှပ်စစ်မီးလင်းရေးလုပ်ငန်းများအား  ယမန်နေ့ မွန်းလွဲ ၂ နာရီက မြမ္မာပြာသာကျေးရွာ အုပ်စု၊ ရွာသာကြီး ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။ 

 

အဆိုပါ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးထက်အောင်နှင့် ဝန်ထမ်းများက မြမ္မာပြသာကျေးရွာအုပ်စု၊ ရွာသာကြီးကျေးရွာတွင် အိမ်ခြေ (၁၁၉) လုံး၊ ဘာသာရေးအဆောက်အဦ (၂) ခု၊ ဆေးပေးခန်း (၁)၊ မူလတန်းကျောင်း (၂) ကျောင်းနှင့် လမ်းမီးတိုင် (၂) တိုင် တို့အား လျှပ်စစ်ဓာတ်အားရရှိပြီး မီးလင်းရေးအတွက် ဆိုလာများကို တပ်ဆင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ဝဠာနိုင်(ညောင်တုန်း)