ညောင်တုန်း ဒီဇင်ဘာ ၂၇

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင်  ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ရောက်ရှိမည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို မြိုနယ်အဆင့် အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ ၂၇ ရက် နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ အမှတ်(၁) အခြေခံပညာကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ထိုသို့ အားကစားပြိုင်ပွဲများ ကျင်းပရာတွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စေရန်၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ပြီး ထူးချွန်သော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်နှင့် စုပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ အခြေခံပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက ထုပ်ဆီးတိုးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ အားလူးကောက်ပြိုင်ပွဲ၊ ပူပေါင်းဖောက်ပြိုင်ပွဲနှင့် အခြားအားကစားပြိုင်ပွဲများကို ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ ပျော်ရွှင်စွာ ကျင်းပခဲ့ကြကြောင်း သိရသည်။

 

မြို့နယ်(ပြန်ဆက်)