ညောင်တုန်း     ၁၄       ဧပြီ             

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်မှ ထောက်ပံ့ကူညီပေးသည့် အခြေခံစားသောက်ကုန်များကို ယနေ့နံနက်  ၈ နာရီက ညောင်တုန်းမြို့နယ်၊ မြို့တော်ခန်းမ၌ ထောက်ပံ့ပေးခဲ့သည်။

ထိုသို့ထောက်ပံ့ပေးရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းလွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်သူ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မျိုးဝင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများက မြို့နယ်အတွင်းရှိ ရပ်ကွက် (၄) ခုနှင့်ကျေးရွာ အုပ်စု (၁၆) အုပ်စုတို့မှ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၈၉၄၀) စုတို့အတွက် အိမ်ထောင်စု တစ်စုလျှင် ဆန် (၈) ပြည်၊ ဆီ (၅၀) ကျပ်သား၊ ဆား (၅၀) ကျပ်သား၊ ပဲ (၁) ပိဿာတို့အား ထောက်ပံ့ပေးခဲ့ပြီး လိုအပ်လျှက်ရှိသည့် စားသောက်ကုန် (၁) မျိုးအား ထောက်ပံ့မှုရရှိပါက သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ပို့ဆောင်ပေးပြီး ဆက်လက်ထောက်ပံ့ပေးသွားမည် ဖြစ်သည်။

ညောင်တုန်းမြို့နယ်တွင် ရပ်ကွက် (၁၀) ခုနှင့် ကျေးရွာအုပ်စု (၄၄) အုပ်စုရှိပြီး ဧပြီလ ၁၁ ရက်နေ့တွင် ရပ်ကွက် (၃) ခုရှိ အိမ်ထောင်စု (၈၉၅) စု၊ ဧပြီလ ၁၂ ရက်နေ့တွင် ရပ်ကွက်/ကျေးရွာအုပ်စု (၁၈) အုပ်စုရှိ အိမ်ထောင်စု (၆၂၅၆)နှင့် ဧပြီလ ၁၃ ရက်နေ့တွင် ရပ်ကွက်/ကျေးရွာအုပ်စု (၁၃) အုပ်စုရှိ အိမ်ထောင်စု (၄၄၆၂) စု၊ ဧပြီလ ၁၄ ရက်နေ့တွင် ရပ်ကွက်/ကျေးရွာအုပ်စု (၂၀) အုပ်စုရှိ အိမ်ထောင်စု  (၈၉၄၀) စုတို့အား ထောက်ပံပေးခဲ့ရာ စုစုပေါင်း ရပ်ကွက်/ကျေးရွာအုပ်စု (၅၄) အုပ်စုရှိ အိမ်ထောင်စုပေါင်း (၂၀၅၅၃) ရှိ  ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအား ကောက်ယူထားသည့် စာရင်းအလိုက် စားသောက်ကုန်များကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဝဠာနိုင် (ညောင်တုန်း)