ညောင်တုန်း ၁၅ ဇူလိုင်                


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် (၇၂) နှစ်မြောက် အာဇာနည်နေ့အထိမ်း အမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲကို ယနေ့ နံနက် ၁၀ နာရီက ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်လှိုင်က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပတ္တိများအကြောင်းများကို ဟောပြောခြင်းနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် Community Centre ခန်းမတွင် ပြသထားသော (၇၂) နှစ်မြာက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ် စာစောင်များနှင့် ဓာတ်ပုံများအား ရိမ်းဂျားပညာဒါနကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။


ဝဠာနိုင်(ညောင်တုန်း)