ညောင်တုန်း ၂၅  မတ်

           

ညောင်တုန်းမြို့နယ် ကိုရိုနာဗိုင်းရပ်စ်(COVID-19) ရောဂါ ကြိုတင်ကာကွယ်ရေးကော်မတီက ဉီးဆောင်၍ ကိုရိုနာဗိုင်းရပ်စ် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မတ်လ(၂၅)ရက်နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်အသီးသီးနှင့် မဲဇလီ၊ ဆားမလောက်နှင့် တာကွေကျေးရွာများသို့ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိသည်၊၊

 

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဉီးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရှင်သန်လူမှုကူညီရေးအသင်းတို့ပူးပေါင်း၍ အများပြည်သူများအား လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသိပညာပေးခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အချက်အလက်များအား ပြည်သူလူထုသိရှိနိုင်စေရန် အသံချဲ့စက်များဖြင့် ဟောပြောအသိပညာပေးခြင်း၊ ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ ရောဂါကူးစက်နိုင်စေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ်ရောဂါနည်းလမ်းများ၊ လက်ဆေးခြင်းနှင့် ကာကွယ်နိုင်မည့်နည်းလမ်းများ ဆောင်ရန်၊ ရှောင်ရန်နည်းလမ်းများအား အသေးစိတ် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ကြသည်၊၊

 

အဆိုပါ ကိုရိုနာဗိုင်းရပ်စ်(COVId-19)ရောဂါ ကြိုတင်ကာကွယ်ရေးကော်မတီအနေဖြင့် အသိပညာပေးခြင်း၊ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ ဆောင်ရွက်ခြင်းတို့ကို ကျေးလက်တောရွာများပါမကျန် အသိပညာပေးခြင်းများအား အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်၊၊

 

ထွန်းကျော်၊ဝင်းမြင့်ကျော်(ညောင်တုန်း)