ညောင်ဦး ၁၇ ဧပြီ
နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ညောင်ဦးအကျဉ်းထောင်မှ အကျဉ်းသား ကျား(၈၂)ဦး၊ မ (၇)ဦး၊ ပေါင်း (၈၉)ဦးတို့ကို ဧပြီလ ၁၇ ရက်က လွှတ်ပေးခဲ့ကြောင်း သိရသည်။
ယခုညောင်ဦး အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာကြသူများတွင် မကွေး၊ ကျောက်ပန်း တောင်း၊ မန္တလေးမြို့များမှ အကျဉ်းသားများ အများစုပါဝင်ကြောင်း ညောင်ဦးအကျဉ်းထောင်ပိုင်ကြီးက ပြောသည်။
“အခုလွှတ်ပေးလိုက်တဲ့ သူတွေအများစုက မကွေး၊ ကျောက်ပန်းတောင်းနှင့် မန္တလေးမြို့ တွေက အကျဉ်းသားတွေ ဖြစ်ပါတယ်၊ ကပ်ရောဂါအခြေအနေကြောင့် နေရပ်ပြန်ဖို့ အခက်အခဲ ဖြစ်နေတဲ့သူတွေကို ကျွန်တော်တို့ဘက်က မန္တလေး၊ ကျောက်ပန်းတောင်းနှင့် မကွေးမြို့တွေကို ကားစီစဉ်ပြီး လိုက်ပို့ပေးပါတယ်” ဟု ထောင်ပိုင်ကြီးက ပြောကြားသည်။
အဆိုပါ အကျဉ်းသားများအား ညောင်ဦးအကျဉ်းဦးစီးဌာန၏ အစီအစဉ်ဖြင့် ကျန်းမာရေး စစ်ဆေးမှု လုပ်ဆောင်ပေးကာ ခရီးစရိတ်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဖေလိန်း(ပုဂံ)