ညောင်ဦး    ၆   အောက်တိုဘာ    

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ အောက်တိုဘာ ၆ ရက် ယနေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်က မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ညောင်ဦး - ကျောက်ပန်းတောင်းသွား ကားလမ်း တောင်ရှေ့ကျေးရွာအနီး တောင်ရှေ့ချောင်းတွင် ချောင်းရေကျမှုများဖြစ်ပေါ်ကာ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ ခရီးကြန့်ကြာမှုများ မဖြစ်စေရန်နှင့် အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက်  ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသက်နိုင် ဦးဆောင်သော  မီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦးအဖွဲ့သည် တောင်ဇင်းနယ်မြေ မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး လက်ထောက်မီးသတ်ဦးမှူး ဦးသိန်းလင်းနိုင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင် ၇ ဦး / တောင်ဇင်းနယ်မြေ ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ပြည်သူ့အကျိုးပြု ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

 

ေ

 

အဆိုပါ ညောင်ဦး - ကျောက်ပန်းတောင်းသွားကားလမ်းပေါ်ရှိ  တောင်ရှေ့ချောင်းသည် ယခုလို မိုးရာသီကာလများတွင် မိုးသည်းထန်စွာ ရွာသွန်းပါက ချောင်းရေကျမှုများ ဖြစ်ပေါ်လေ့ရှိပြီး ယနေ့မွန်းလွဲပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေအနက် တစ်ပေခွဲ /နှစ်ပေခန့် ချောင်းရေကျမှုများဖြစ်ကာ ဒေသခံပြည်သူများနှင့် ဘုရားဖူးခရီးသွားဧည့်သည်များ  အန္တရာယ်ကင်းစွာ သွားလာနိုင်ရန်နှင့် ခရီးကြန့်ကြာမှု မဖြစ်စေရေး ခရိုင်မီးသတ်ဦးစီးမှူး ဦးသက်နိုင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင်များက ဒေသခံ ပြည်သူများနှင့် ပူးပေါင်း၍ ချောင်းရေကျသည်အထိ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ပြည်သူ့အကျိုးပြု သွားရောက် ဆောင်ရွက်ပေးခဲ့ကြောင်း  / ထို့အပြင် မိုးရွာသွန်းမှုများပြီး ညောင်ဦးမြို့နယ် တောင်ဇင်းကျေးရွာအနီး ကံမကန် မြေသားမိုးရေလှောင်ကန်ကြီးသို့ စီးဝင်သည့် ရေပိုလွှဲမှ မိုးရေများ ညောင်ဦး-ကျောက်ပန်းတောင်းလမ်းပေါ်သို့ ရေကျော်မှုဖြစ်ပွားသဖြင့် ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းစွာ သွားလာနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ချောင်းရေကျမှုကြောင့် အခြား လူနှင့် တိရစ္ဆာန်ထိခိုက်မှုမရှိခဲ့ကြောင်း ညောင်ဦးခရိုင်မီးသတ်ဦးစီးမှူး ဦးသက်နိုင်ထံမှ သိရသည်။ 

 

ေ

 


ရဲဝင်းနိုင် (ညောင်ဦး)