ညောင်ဦး အောက်တိုဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သီတင်းကျွတ် ကာလ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များတွင် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူ များပြားလျက်ရှိရာ အောက်တိုဘာ ၆ ရက်မှစတင်ပြီး ဟိုတယ်၊ မိုတယ်များ၌ အခန်းကြိုတင် ချိတ်ဆက်ယူသူများဖြင့် ပြည့်နေပြီဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ)မှ သိရသည်။
သီတင်းကျွတ်ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လာရောက်သူများသည် သမိုင်းဝင်အထင်ကရ ဘုရားများအား ဖူးမြော်ခြင်း၊ နံရံဆေးရေးပန်းချီ များလေ့လာခြင်း၊ အလှဓာတ်ပုံရိုက်ကူးခြင်း၊ လက်ဆွဲပန်းချီဆွဲခြင်း၊ အချို့ဘုရားဖူးများက မြင်းလှည်းစီးခြင်း၊ E-Bike အဖွဲ့လိုက်ငှားစီးခြင်းများ ပြုလုပ်ကြပြီး သီတင်းကျွတ် ရုံးပိတ်ရက်ကာလအတွင်း တစ်ရက်လျှင် ဘုရားဖူးဦးရေ နှစ်သောင်းကျော် ဝင်ရောက်လျက် ရှိသောကြောင့် စားသောက်ဆိုင်များ၊ ဧည့်ကားအငှားလိုက်သူများ၊ မြင်းလှည်း၊ E-Bike၊ စက်လှေအငှားလိုက်သူများ၊ လက်အလှပန်းချီဆွဲသူများ၊ သစ်ရွက်ပုံသနပ်ခါး လိမ်းခြယ်ပေးသူများ၊ ပြည်တွင်းဧည့်လမ်းညွှန်များ အဆင်ပြေတွက်ခြေကိုက်နေကြကြောင်း သိရကာ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း အလုံး ၇၀ ကျော်မှာလည်း အခန်းပြည့်သည်အထိ ခရီးသွား ဘုရားဖူး ပြည်သူ များပြားလျက်ရှိကြောင်း သိရသည်။
ကိုကြေးမုံ