နေပြည်တော် ဇန်နဝါရီ ၄
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၊ ညောင်ဦးအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသားနှင့် အကျဉ်းသူများမှ အမျိုးသား ၄၁ ဦးနှင့်အမျိုးသမီး ၈ ဦး စုစုပေါင်း ၄၉ ဦးတို့ကို ယနေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပေးခဲ့ကြောင်း အဆိုပါ အကျဉ်းထောင်မှ သိရသည်။
ထိုသို့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုရာတွင် တာဝန်ရှိသူများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖတ်ကြားပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ အကျဉ်းသား၊ အကျဉ်းသူများကို ဆုံးမဩဝါဒစကားပြောကြားကာ ခရီးစရိတ်နှင့် ခံစားခွင့်တို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Breaking News


