ညောင်ဦး ၂၇ ဖေဖော်ဝါရီ     

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ပုဂံမြို့၊ မူလတန်းကြိုကျောင်း၌ ကျင်းပသည်။

 

ရှေးဦးစွာ ညောင်ဦးခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဥမ္မာအောင်က ညောင်ဦးမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား လူမှုဝန်ထမ်းဦးစီးဌာနမှ နှစ်စဉ် ထောက်ပံ့ငွေ ပေးအပ်နေမှု အခြေအနေများနှင့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

 

mdn

 

ထို့နောက် ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဥမ္မာအောင်နှင့် တာဝန်ရှိသူများက ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေး နှစ်အတွက် ညောင်ဦးမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများဖြစ်ကြသည့် ညောင်ဦးမြို့၊ အမှတ်(၇) ဝက်ကြီးအင်းရပ်ကွက်၊ နဂါးကျစ်ဘိုးဘွားရိပ်သာရှိ အဘိုးအဘွား (၂၁)ဦးအတွက် ဆန်ဖိုး၊ စားစရိတ်နှင့် ဝတ်စုံစရိတ်အတွက် တစ်နှစ်စာ စုစုပေါင်း ထောက်ပံငွေကျပ် ၃၀၈၇၀ဝ၀ ကို လည်းကောင်း၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၆)ကျောင်းမှ တာဝန်ခံဆရာမ လစာနှင့် သင်ကြားရေး ဆရာမများ လစာအပါအဝင်   သင်ထောက်ကူပစ္စည်းများ ဝယ်ယူနိုင်ရန်အတွက် တစ်ကျောင်းလျှင် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၁၀၆၀ဝ၀ဝ ကို လည်းကောင်း တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။  

 

ရဲဝင်းနိုင် (ညောင်ဦး)