ညောင်ဦး     ၁၄       မတ်       

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ အလုပ်သင်ဝန်ထမ်းများအား ဘက်စုံလုပ်ငန်း ကျွမ်းကျင်မှုရှိစေရန်အတွက် ရည်ရွယ်၍ ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းကို ယနေ့ နံနက် ၉ နာရီက ညောင်ဦးခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သင်ကြား ပို့ချပေးနေကြောင်း သိရသည်။ 

အဆိုပါ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းသို့ အလုပ်သင်ဝန်ထမ်း သင်တန်းသား ၂၁ ဦး တက်ရောက်သင်ကြားပြီး သင်တန်းတွင် ညောင်ဦးခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဌေးနိုင် ဦးဆောင်၍ ခရိုင်/မြို့နယ် (မြေ ၊ မျိုး၊ ပိုး) တာဝန်ခံများက ဝန်ထမ်းကျင့်ဝတ်နှင့် လိုက်နာရမည့်စည်းမျဉ်း၊ စည်းကမ်းများ၊ ရုံးလုပ်ငန်းစီမံခန့်ခွဲရေး နည်းစနစ်များ၊ (မြေ၊ မျိုး၊ ပိုး)ဆိုင်ရာ တောင်သူပညာပေးနည်းစနစ်များနှင့် စိုက်ပျိုးရေးဆိုင်ရာနည်းပညာများကို အပတ်စဉ် စနေနေ့တိုင်း နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ စာတွေ့လက်တွေ့ ဖွင့်လှစ်ပို့ချသင်ကြားပေးနေကြောင်း သိရသည်။ 

 

‌ေ

 

“ကျွန်မတို့ ညောင်ဦးခရိုင်စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ ယခုလို အလုပ်သင်ဝန်ထမ်းတွေကို အရည်အချင်းပြည့်ဝသော ဝန်ထမ်းကောင်းများဖြစ်အောင် ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်ပါတယ်။ ဒီသင်တန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ကစပြီး အပတ်စဉ် စနေနေ့တိုင်း ဖွင့်လှစ်သင်ကြားပေးတာဖြစ်ပြီး အလုပ်သင်ဝန်ထမ်း စုစုပေါင်း သင်တန်းသား ၂၁ ဦး တက်ရောက်သင်ကြားလျက်ရှိပါတယ်။ သင်ကြားပေးတဲ့ ဘာသာရပ်တွေကတော့ ရုံးလုပ်ငန်းစီမံခန့်ခွဲမှုနည်းပညာတွေ၊ ဝန်ထမ်းများ လိုက်နာရမည့် ကျင့်ဝတ်တွေနဲ့ စည်းမျဉ်း၊ စည်းကမ်းတွေ၊ တောင်သူပညာပေးလုပ်ငန်းတွေဖြစ်တဲ့ (မြေ၊ မျိုး၊ ပိုး)ဆိုင်ရာလုပ်ငန်းတွေကို အဓိကထားပြီး စာတွေ့လက်တွေ့ သင်ကြားပေးတာဖြစ်ပါတယ်။ ဒီသင်တန်းကို ယခုမတ်လကုန်အထိ သင်ကြားပေးသွားမှာဖြစ်ပြီး သင်တန်းသားတစ်ဦးချင်းအလိုက် လုပ်ငန်းကျွမ်းကျင်မှုရှိအောင် သင်ကြားပေးတဲ့ ဘာသာရပ်တွေအပေါ်မှာ နားလည်မှု ရှိ/မရှိ ဆန်းစစ်ပြီး သင်တန်းနည်းပြတွေနဲ့ အပြန်အလှန် ဆွေးနွေးမေးမြန်းခြင်း၊ ဖြေကြားခြင်း အစီအစဉ်တွေနဲ့ ပို့ချသင်ကြားပေးတာဖြစ်ပါတယ်။ ယခုလို အလုပ်သင်ဝန်ထမ်း တွေကို လုပ်ငန်းစွမ်းဆောင်ရည်မြင့်မာရေးသင်တန်းတွေ ပို့ချသင်ကြားပေးခြင်းအားဖြင့် ဌာနအတွက် အကျိုးရှိသော  အားကိုးအားထားပြုရသော ဘက်စုံလုပ်ငန်းကျွမ်းကျင်မှုရှိတဲ့ ဝန်ထမ်းကောင်းတွေ တိုးပွားလာစေမှာ ဖြစ်ပါတယ်” ဟု ညောင်ဦးခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်သီးနှံပိုးမွှားတာဝန်ခံ ဒေါ်ခင်သန်းမြင့်က ပြောသည်။  

ရဲဝင်းနိုင် (ညောင်ဦး)