ညောင်ဦး  ဒီဇင်ဘာ  ၁၄

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင်မှု အနေဖြင့် ဒီဇင်ဘာ ၁၄ ရက် နံနက်ပိုင်းအထိ ၂၅၉၇၉၄ ဦး ထိုးနှံပေးခဲ့ပြီဖြစ်ကြောင်း ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ထံက သိရသည်။

 

ညောင်ဦးခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးနိုင်ရန် ကျောက်ပန်းတောင်းမြို့နယ်တွင် သတ်မှတ် စုရပ် (၁၂)နေရာ၊ ညောင်ဦးမြို့နယ်တွင် သတ်မှတ်စုရပ် နေရာ(၁၂)နေရာဖြင့် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေး လျက်ရှိရာ ညောင်ဦးမြို့နယ်တွင် ပထမအကြိမ် Sinopharm ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်မှု ၆၄၁၃၀ ဦး၊ Sinopharm ဒုတိယအကြိမ် ၄၅၀၆၀ ဦး၊ Sinovac ပထမအကြိမ် ၃၃၁၆ ဦး၊ Sinovac ဒုတိယအကြိမ် ထိုးပေးနိုင်မှု ၃၁၀၈ ဦး စုစုပေါင်း ၁၁၅၆၁၄ ဦးထိုးနိုင်ပေးခဲ့ပြီဖြစ်ကာ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ပထမအကြိမ်ထိုးပေးနိုင်မှု ၈၀၆၇၃ ဦး၊ ဒုတိယအကြိမ် Sinopharm ထိုးပေးနိုင်မှု ၅၄၆၉၂ဦး၊ Sinovac ပထမအကြိမ် ထိုးပေးနိုင်မှု ၄၄၉၄ ဦး၊ Sinovac ဒုတိယအကြိမ် ၄၃၂၁ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကာ စုစုပေါင်း ၁၄၄၁၈၀ ဦး ထိုးနှံပေးပြီးဖြစ်သည်။

 

ညောင်ဦးနှင့် ကျောက်ပန်းတောင်းမြို့နယ် နှစ်မြို့နယ်ပေါင်း လူဦးရေ ၂၅၉၇၉၄ ဦးထိုးနိုင်ပေးနိုင်ပြီဖြစ်ကာ ဆေးခွဲတမ်းရရှိမှုအပေါ် မူတည်၍ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

အလားတူ ဝေးလံသည့်ကျေးရွာများသို့လည်း နယ်လှည့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးအဖွဲ့များဖြင့် လိုက်လံ ထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်ထံက သိရသည်။

ကိုထိန်(ပြန်/ဆက်)