ညောင်ဦး   ၇  အောက်တိုဘာ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ ကိုဗစ်-၁၉ ရောဂါကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေလှူဒါန်းခြင်း ကို ယနေ့ နံနက် ၁၀ နာရီက ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  ခရိုင်ခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

ညောင်ဦးခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဓမ္မဒူတ ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ အားအမှူးထား၍  Amazing Hotel & Resorts မှ ဒုတိယအကြိမ် တန်ဖိုးငွေကျပ် ၃၀၂၃၁၅၀ ရှိ Quarantine ဝင်ရောက်သူများသုံးစွဲရန် အခြေခံပစ္စည်းများပါသည့် Kit Box (၃၀)၊ အောက်ဆီဂျင်စက် တစ် လုံး၊ PPE ဝတ်စုံ (၁၀၀)စုံ၊ Surgical Gown (၂၀)စုံနှင့် ပုဂံ-ညောင်ဦးမြို့နယ် ဂေါက်သီးရိုက်အဖွဲ့မှ ငွေကျပ် ၁၂ သိန်း၊ Bagan Myanmar Group of Companies မှ ငွေကျပ် ၁၅ သိန်းတို့အား လာရောက်လှူဒါန်းကြရာ ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းနှင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီမှ တာဝန်ရှိသူများက လက်ခံခဲ့ကြောင်း သိရသည်။

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း