ညောင်ဦး ၆ ဇွန်
ကိုဗစ်-၁၉ ကာလတွင် ယာယီပိတ်ထားခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မဏိစည်သူဈေးကြီးနှင့် ဘုန်းစင်ကျောင်းဝန်းအတွင်းရှိ ဘုန်းစင်ပျံကျဈေးတို့အား ယမန်နေ့ ညနေပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မဏိစည်သူဈေးကြီးနှင့် ဘုန်းစင်ကျောင်းဝန်းအတွင်း ဘုန်းစင်ပျံကျဈေးတို့တွင် ဈေးရောင်း သူများနှင့် ဈေးဝယ်သူများ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး ဈေးအတွင်းအပြင်ရှိ ဈေးဆိုင်ခန်းများ၊ ဈေးတွင်းလမ်းများ၊ ဈေးဝင်ပေါက်၊ ထွက်ပေါက်များနှင့် ဈေးတံခါးများမကျန် နေရာအနှံ့ ပိုးသတ်ဆေးများ ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပိုးသတ်ဆေးဖျန်းခြင်းကို ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူနှင့် တပ်ဖွဲ့ဝင်များ၊ ညောင်ဦးမြို့ သဘာဝဘေးအန္တရာယ်နှင့် လူမှုကူညီစောင့်ရှောက်ရေးအဖွဲ့ချုပ်မှ ပရဟိတအဖွဲ့ဝင်များ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)


