ညောင်ဦး၊ ၁၈ ဒီဇင်ဘာ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းမှ အပြင်ထွက်သူတိုင်း နှာခေါင်းစည်း တပ်ဆင်သွားလာစေရေး ပညာပေးလှုပ်ရှားမှု ဒီဇင်ဘာ ၁၈ ရက်နေ့ နံနက် ၈ နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။
ညောင်ဦးမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် ညောင်ဦးမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ထားထားလွင် ဦးဆောင်သော အဖွဲ့ဝင်များသည် မဏိစည်သူဈေးနှင့် ဘုန်းစဉ် အခွန်လွှတ်ဈေး အတွင်း၊ အပြင် ဈေးရောင်းဈေးဝယ်များနှင့် လမ်းသွားလမ်းလာများ လူတိုင်း နှာခေါင်းစည်း တပ်ဆင်သွားလာစေရေး၊ နှာခေါင်းစည်းတပ်ဆင်ရာတွင် စနစ်တကျ တပ်ဆင်ကြရန်၊ အသုံးပြုပြီးသော နှာခေါင်းစည်းများကို စနစ်တကျ စွန့်ပစ်ကြရန် လက်ကိုင်စပီကာဖြင့် ပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရကာ နှာခေါင်းစည်း Mask အခု ၁၀၀၀ နှင့် Face Shield အခု ၅၀တို့ကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
မောင်မောင်ထိန်၊ကျောက်ပန်းတောင်း


