ညောင်ဦး  ၁၉ ဇွန် 

 

 

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် (ဧပြီ၊ မေ၊ ဇွန်) တတိယသုံးလပတ် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ဇွန်လ ၁၉ ရက် နံနက်ပိုင်းက ညောင်ဦးမြို့နယ် ရပ်ကွက်၊ ကျေးရွာများ၊ ပုဂံမြို့သစ်ရှိ ရပ်ကွက်၊ ကျေးရွာများ၊ ငါ့သရောက်မြို့ ရပ်ကွက်ကျေးရွာများသို့ တာဝန်ရှိသူများမှ လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

 

ထိုသို့ပေးအပ်ရာတွင် ညောင်ဦးမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစော၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၁) ဦးဝင်းမြင့်ခိုင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ်(၂) ဦးမြင့်စိတ်၊ ညောင်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း၊ လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်စိန်နှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ ရပ်ကွက်/ကျေးရွာအတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွားတစ်ဦးလျှင် ဧပြီ၊ မေ၊ ဇွန်လများအတွက် လူမှုရေး ပင်စင်ထောက်ပံ့ငွေကျပ် ၃၀ဝ၀ဝ အပြင်၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေအဖွဲ့တို့ပူးပေါင်း၍ ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေသည့်ကာလ ထပ်ဆောင်းထပ်ပံ့ ငွေကျပ် ၃၀ဝ၀ဝ စုစုပေါင်း ငွေကျပ် ၆၀ဝ၀ဝ တို့ကို အိမ်တိုင်ရာရောက် ပေးအပ်ကန်တော့ခဲ့ကြောင်း သိရသည်။

 

 

ထို့ပြင် ညောင်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၊ ပုဂံမြို့သစ်ရှိ ရပ်ကွက်ကျေးရွာများ၊ ငါ့သရောက်မြို့ရှိ ရပ်ကွက်ကျေးရွာများရှိ (၈၅)နှစ်အထက်ဘိုးဘွား (၁၂၉၅)ဦးရှိရာ လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ်သိန်း (၃၈၈၅၀ဝ၀ဝ)ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

 

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း