ညောင်ဦး     ၁၁  အောက်တိုဘာ
     
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့၊ ရွှေဂူမိဘမဲ့ ပရဟိတဘုန်းတော်ကြီးသင်ပညာရေး မူလတန်းလွန်ကျောင်းရှိ သံဃာတော်များနှင့် သာမဏေများ ကိုဗစ် - ၁၉ ဖြစ်ပွားနေသည့် ကာလအတွင်း ဆွမ်းအခက်အခဲ မဖြစ်စေရေးအတွက် ရည်ရွယ်၍ ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့နေ ဦးသိန်းဝင်း၊ ဒေါ်ခင်စန်းရီ (အိအိစတိုး - သိမ်ကြီးဈေး C ရုံ) မိသားစုက ဆွမ်းဆန် ၁၀ အိတ်နှင့် မြေပဲဆီသန့် ၁၀ ပိဿာ ပေးပို့ထောက်ပံ့လှူဒါန်းခဲ့ကြောင်း ပုဂံမြို့၊ ရတနာဘုံစံတောရဓမ္မာရိပ်သာ ကျောင်းတိုက် နာယကဆရာတော် အရှင်သာဂရ ထံမှ သိရသည်။ 

ညောင်ဦးမြို့၊ ရွှေဂူမိဘမဲ့ ပရဟိတဘုန်းတော်ကြီးသင်ပညာရေး မူလတန်းလွန်ကျောင်းတွင် သံဃာတော်များနှင့် သာမဏေ အပါး  ၆၀ ကျော် ရှိကြောင်းသိရပြီး ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ဆရာတော် ၊ သံဃာတော် များနှင့် သာမဏေများ ဆွမ်းအခက်အခဲ မဖြစ်စေရေးအတွက် အလှူရှင်မိသားစုမှ ပေးပို့ထောက်ပံလှူဒါန်းသော ဆွမ်းဆန်  ၁၀ အိတ်နှင့် မြေပဲဆီသန့်  ၁၀ ပိဿာတို့ကို အလှူရှင်မိသားစုကိုယ်စား ယနေ့မွန်းလွဲပိုင်းက ပုဂံမြို့၊ ရတနာဘုံစံ တောရဓမ္မရိပ်သာကျောင်းတိုက် နာယကဆရာတော် အရှင်သာဂရ မှ သွားရောက်၍ ထောက်ပံ့လှူဒါန်းပေးရာ ကျောင်းထိုင် ဆရာတော်နှင့် သံဃာတော်များက လက်ခံရယူခဲ့ကြပြီး အလှူရှင်မိသားစုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။   

ရဲဝင်းနိုင် ( ညောင်ဦး )